ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, February 11, 2016

ေဝၚယိတင္႕ေယာက္ေပါက္ခ်ိဳ

ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး )
.
“ မင္းလားကြ .. ငါ႕ကို ျပီးခဲ႕တဲ႕ ( ၆ ) ႏွစ္ခြဲက ဆြဲလွဲခဲ႕တာ? ဟန္း .. ေျပာစမ္း ”
.
“ မင္းေၾကာင္႕ ငါ႕မိသားစု ဘယ္ေလာက္အရွက္ရခဲ႕လည္း သိလား ? ”
.
“ ေအး .. မင္းကေတာ႕ ဘယ္သိလိမ္႕မလဲ? အျမဲလွိမ္႕ေနတဲ႕သူဆုိေတာ႕ အခုငါေရာက္လာတာေတာင္ မင္းက ေ- ာ က္ေရးမလုပ္ဘူး ”
.
“ ဒီမွာ .. မင္းငါ႕ကို အရွက္တစ္ကြဲ အက်ိဳးနည္းေစခ်င္ရင္ တစ္ေခါက္ပဲရမယ္ .. မွတ္ထား ”
.
“ ငါ႕မွာေတာ႕ လဲက်ခဲ႕ရသလုိ ဒူးလည္းေထာက္ခဲ႕ရတယ္။ အျမင္႕တက္ေနတဲ႕ေျခလွမ္းဟာ ဟန္ခ်က္ပ်က္ခဲ႕ရျပီး ေဘာင္းဘီလည္း ေပါက္ခဲ႕ရတယ္။ ဒါကို မင္းမသိလိုက္ဖူး မဟုတ္လား ”
.
“ ေဟ႕ .. ဒီတစ္ေခါက္ေတာ႕ ငါ ထုိင္ဝမ္း ကို လုိက္လာျပီ။ ေျပးမယ္လို႕ေတာ႕ မၾကံနဲ႕ ”
.
“ မင္းကိုလုိက္ရွာဖို႕ ကားဆိုတာလည္းစီးခဲ႕တယ္။ ေလယာဥ္ဆုိလည္း စီးခဲ႕ရတယ္။ ငါေၾကာက္တဲ႕ Skytrain ဆိုတာလည္း စီးခဲ႕ရတယ္။ မင္း .. အခု ဘယ္ေျပးမလဲ ”
.
“ ကဲ .. အခုေတာ႕ ငါမင္းကို တက္ခြထားျပီ။ မင္း နာဖို႕သာျပင္ေပေတာ႕ .. ကဲကြာ .. ကဲကြာ .. အေသရုိက္ပစ္လုိက္တယ္ ”
.
Selfie … Selfie … Selfie

.
ယခင္ဇာတ္လမ္းအက်ဥ္း ။။။။။။။။။။ ယခင္ ရွမ္းေလာက၏စိမ္ေခၚသံ ေခတ္အခါက သတိၱရွိ၍ေတာင္ေပၚမွဆင္းလာသည္ဆိုေတာ႕ ေတာင္ၾကီးသားမိသားစုသည္ အစ္မကေခၚ၍ အေမရိကားကိုသြားဖို႕ အေၾကာင္းေပၚလာရာ ထိုင္ဝမ္း ေလဆိပ္ကို ခရီးတစ္ေထာက္နားအျဖစ္ ေရာက္ရွိခဲ႕ေလသည္။
.
၄င္းတို႕ မိသားစုသည္ အေမရိကားဆိုသည္ကုိမေရာက္ဖူးသည္ကတစ္ေၾကာင္း၊ သယ္ေဆာင္သြားသင္႕သည္မ်ားကို မခန္႕မွန္းႏိုင္သည္ကတစ္ေၾကာင္း ေလေၾကာင္းလိုင္းမွခြင္႕ျပဳသည္႕ေပါင္ခ်ိန္မ်ားအျပင္ လက္မ်ားတြင္ တြဲေလာင္းဆြဲရေသာ ကယ္ရီအထုတ္ ( ၁၇ ) ထုတ္အထိ ပါရွိခဲ႕ေလ၏။
.
.
ထုိအခါ အိမ္ဦးနတ္ျဖစ္သူ အမ်ိဳးသားမွ မသိသည္႕လမ္းကိုဦးေဆာင္၊ မသြားတတ္သည္႕စၾကၤန္ကိုလမ္းျပ၊ မစီးတတ္သည္႕ဓါတ္ရထားကိုစီးနင္းရသည္႕အခါ အစစအရာရာ အဆင္ေျပခဲ႕ပါသည္။ ထို႕ေၾကာင္႕ ဓါတ္ရထားမွ ဆင္းလွ်င္ဆင္းခ်င္း အလိုအေလွ်ာက္စက္ေလွခါးကိုေတြ႕ရသည္႕အခါ ပင္ပန္းထားသမွ်စိတ္သက္သာရာရသြားျပီး မိသားစုတို႕ကုိထိပ္ပိုင္းမွေန၍ဦးစြာတက္သြားခုိင္းျပီး က်န္အထုတ္အပိုးမ်ားကို စက္ေလွခါးတြင္ သီတင္းကြ်တ္ပေဒသာပင္လွည္႕သကဲ႕သို႕ တြဲေလာင္းအထုတ္အပိုး ( ၁၁ ) ခုကို ပတ္ပတ္လည္ခ်ိတ္ဆြဲကာ စက္ေလွခါးမွ ေနာက္ဆံုးတက္ေရာက္ခဲ႕ေလသည္။
.
အိမ္ေထာင္ဦးစီးသည္ ပထမေလွခါးထစ္ ႏွင္႕ ဒုတိယေလွခါးထစ္တို႕ကုိ တက္လွမ္းသည္႕အခါတြင္ ျပံဳးေပ်ာ္ေနရံုမက အေပၚထပ္သို႕ေရာက္ႏွင္႕ေနၾကေသာ ခ်စ္လွစြာေသာမိသားစုဝင္တုိ႕ကို လက္ျပလိုက္ပါေသးသည္။ ထုိအခ်ိန္တြင္ ၾကမၼာငင္ရာေျမဟုန္စီး၍ တုံ႕ဟီးျမည္ကမၻာျပိဳေလျပီ။
.
.
တက္လွမ္းေနေသာ ေျခလွမ္းမ်ားကို ရုပ္ရူပကအားျဖင္႕မေဖာ္ျပႏုိင္ေသာ၊ တင္းတင္းေထာက္ထားေသာဘက္ဂီယာေျခေထာက္ကို အမည္မသိအတြင္းအားတစ္စံုက ျဖိဳလွဲလိုက္ေခ်၏။ ထုိ႕ေၾကာင္႕ ဤဝကၤပါထုိင္ဝမ္လမ္းက်မ္းစာအုပ္ကုိ ခရီးမစတင္မွီ ဖတ္ရႈေလ႕လာရန္ၾကိဳးပမ္းခဲ႕ပါေသာ္လည္း ေနမထြက္ခင္အေျခပ်က္ခဲ႕ပါေလျပီ။
.
အျဖစ္အပ်က္ကျမန္ဆန္လြန္းလွသလို ႏုိင္ငံကူးအိမ္ေျပာင္းပစၥည္းစံု ( ၁၁ ) ခု တြဲေလာင္းခိုထားေသာ မႏုသခႏၶာကိုယ္သည္ စက္ေလွခါးအလည္မွ ဝိဇၨာေနာက္ကြ်မ္းထုိးသကဲ႕သို႕၊ ေလဖိအား၏ဗဟုိခ်က္မကို “ မည္ကဲ႕သုိ႕လုပ္လုိက္သည္မသိ ” ေသာ အတြင္းအားတစ္စံုမွ အရိပ္မဲ႕မိစၦာၾကီးတစ္ေကာင္ဝါးျမိဳလိုက္သည္႕အလား ေနာက္ျပန္က်ျပီးသကာလ ေလွခါးရင္းတြင္ ပစၥည္မ်ားျပန္႕က်ဲျပီး ဒူးကြဲခဲ႕ရေလျပီ။ လက္စားေခ်မွရမယ္ .. လက္စားေခ်မွရမယ္ .. ငါတစ္ေန႕လက္စားေခ်မွရမယ္ .. ေဝၚယိတင္႕ေယာက္ေပါက္ခ်ိဳ …။
.
.
ႏွစ္ကာလမ်ားကူးေျပာင္း၍ ရြက္သစ္မ်ားေၾကြေနခဲ႕ပါေသာ္လည္း အဆုိပါ အိမ္ေထာင္ဦးစီးသည္ ထုိအျဖစ္အပ်က္ကုိ တစ္ေန႕တစ္ရက္မွ် ေမ႕မရႏုိင္ခဲ႕။ ေလာကတတ္ယႏၱရားႏွင္႕ယွဥ္ႏုိင္သည္႕ ခႏၶာကိုယ္ၾကြက္သားမ်ားရရန္ ( ၆ ) ႏွစ္ ( ၆ ) မိုး ၾကိဳးစား၏။ အေရွ႕ကြ်န္းရွင္၊ အေနာက္ကြ်န္းရွင္တုိ႕သာမက မလည္မဝယ္ကြ်န္းရွင္တုိ႕ပါမက်န္ တပည္႕ခံ ပညာသင္၏။ ေန႕မအား ညမေန အေသၾကိဳးစား၏။ ထုိ႕ေၾကာင္႕ ယေန႕အခ်ိန္အခါ သမယကို လက္စားေခ်ရန္ ဤေနရာကိုေရာက္ရွိလာျခင္းျဖစ္ေပသည္။
.
ထို႕အျပင္ ပင္႕ကူလူသားမွ ေပးသနားေတာ္မူေသာ ဆမ္ေဆာင္းဂယ္လစီႏုတ္၏ဒုတိယစီးရီးျဖင္႕ “ ပက္ပက္စက္စက္လက္စားေျချခင္းအမႈ - Selfie ” ကို ေဆာင္ရြက္ႏုိင္ခဲ႕ပါေတာ႕သည္။ ဤကဲ႕သုိ႕ ဤေန႕ ဤရက္ ဤအခ်ိန္အခါ လက္စားေခ်သည္႕အခါ ေက်ာပိုးအိတ္တစ္လံုး ႏွင္႕ ခရီးေဆာင္လက္ဆြဲအိတ္တစ္လံုးကိုသာ ယူေဆာင္လာသည္႕အေၾကာင္း ေနာင္လာေနာက္သားမ်ားသိေစရန္ မွာတမ္းေျခြအပ္ပါသည္။
.
.
ခင္လ်က္
.
02-11-2016 ( ထိုင္ဝမ္းေလဆိပ္ )
.

.
Myanmar Unicode Version:
.
.
“ ဝေါ်ယိတင့်ယောက်ပေါက်ချို ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
မင်းလားကွ .. ငါ့ကို ပြီးခဲ့တဲ့ ( ၆ ) နှစ်ခွဲက ဆွဲလှဲခဲ့တာ? ဟန်း .. ပြောစမ်း ”
.
မင်းကြောင့် ငါ့မိသားစု ဘယ်လောက်အရှက်ရခဲ့လည်း သိလား ? ”
.
အေး .. မင်းကတော့ ဘယ်သိလိမ့်မလဲ? အမြဲလှိမ့်နေတဲ့သူဆိုတော့ အခုငါရောက်လာတာတောင် မင်းက ေ- ာ က်ရေးမလုပ်ဘူး ”
.
ဒီမှာ .. မင်းငါ့ကို အရှက်တစ်ကွဲ အကျိုးနည်းစေချင်ရင် တစ်ခေါက်ပဲရမယ် .. မှတ်ထား ”
.
ငါ့မှာတော့ လဲကျခဲ့ရသလို ဒူးလည်းထောက်ခဲ့ရတယ်။ အမြင့်တက်နေတဲ့ခြေလှမ်းဟာ ဟန်ချက်ပျက်ခဲ့ရပြီး ဘောင်းဘီလည်း ပေါက်ခဲ့ရတယ်။ ဒါကို မင်းမသိလိုက်ဖူး မဟုတ်လား ”
.
ဟေ့ .. ဒီတစ်ခေါက်တော့ ငါ ထိုင်ဝမ်း ကို လိုက်လာပြီ။ ပြေးမယ်လို့တော့ မကြံနဲ့ ”
.
မင်းကိုလိုက်ရှာဖို့ ကားဆိုတာလည်းစီးခဲ့တယ်။ လေယာဉ်ဆိုလည်း စီးခဲ့ရတယ်။ ငါကြောက်တဲ့ Skytrain ဆိုတာလည်း စီးခဲ့ရတယ်။ မင်း .. အခု ဘယ်ပြေးမလဲ ”
.
ကဲ .. အခုတော့ ငါမင်းကို တက်ခွထားပြီ။ မင်း နာဖို့သာပြင်ပေတော့ .. ကဲကွာ .. ကဲကွာ .. အသေရိုက်ပစ်လိုက်တယ် ”
.
Selfie … Selfie … Selfie
.
ယခင်ဇာတ်လမ်းအကျဉ်း ။။။။။။။။။။ ယခင် ရှမ်းလောက၏စိမ်ခေါ်သံ ခေတ်အခါက သတ္တိရှိ၍တောင်ပေါ်မှဆင်းလာသည်ဆိုတော့ တောင်ကြီးသားမိသားစုသည် အစ်မကခေါ်၍ အမေရိကားကိုသွားဖို့ အကြောင်းပေါ်လာရာ ထိုင်ဝမ်း လေဆိပ်ကို ခရီးတစ်ထောက်နားအဖြစ် ရောက်ရှိခဲ့လေသည်။
.
၎င်းတို့ မိသားစုသည် အမေရိကားဆိုသည်ကိုမရောက်ဖူးသည်ကတစ်ကြောင်း၊ သယ်ဆောင်သွားသင့်သည်များကို မခန့်မှန်းနိုင်သည်ကတစ်ကြောင်း လေကြောင်းလိုင်းမှခွင့်ပြုသည့်ပေါင်ချိန်များအပြင် လက်များတွင် တွဲလောင်းဆွဲရသော ကယ်ရီအထုတ် ( ၁၇ ) ထုတ်အထိ ပါရှိခဲ့လေ၏။
.
.
ထိုအခါ အိမ်ဦးနတ်ဖြစ်သူ အမျိုးသားမှ မသိသည့်လမ်းကိုဦးဆောင်၊ မသွားတတ်သည့်စင်္ကြန်ကိုလမ်းပြ၊ မစီးတတ်သည့်ဓါတ်ရထားကိုစီးနင်းရသည့်အခါ အစစအရာရာ အဆင်ပြေခဲ့ပါသည်။ ထို့ကြောင့် ဓါတ်ရထားမှ ဆင်းလျှင်ဆင်းချင်း အလိုအလျှောက်စက်လှေခါးကိုတွေ့ရသည့်အခါ ပင်ပန်းထားသမျှစိတ်သက်သာရာရသွားပြီး မိသားစုတို့ကိုထိပ်ပိုင်းမှနေ၍ဦးစွာတက်သွားခိုင်းပြီး ကျန်အထုတ်အပိုးများကို စက်လှေခါးတွင် သီတင်းကျွတ်ပဒေသာပင်လှည့်သကဲ့သို့ တွဲလောင်းအထုတ်အပိုး ( ၁၁ ) ခုကို ပတ်ပတ်လည်ချိတ်ဆွဲကာ စက်လှေခါးမှ နောက်ဆုံးတက်ရောက်ခဲ့လေသည်။
.
အိမ်ထောင်ဦးစီးသည် ပထမလှေခါးထစ် နှင့် ဒုတိယလှေခါးထစ်တို့ကို တက်လှမ်းသည့်အခါတွင် ပြုံးပျော်နေရုံမက အပေါ်ထပ်သို့ရောက်နှင့်နေကြသော ချစ်လှစွာသောမိသားစုဝင်တို့ကို လက်ပြလိုက်ပါသေးသည်။ ထိုအချိန်တွင် ကြမ္မာငင်ရာမြေဟုန်စီး၍ တုံ့ဟီးမြည်ကမ္ဘာပြိုလေပြီ။
.
.
တက်လှမ်းနေသော ခြေလှမ်းများကို ရုပ်ရူပကအားဖြင့်မဖော်ပြနိုင်သော၊ တင်းတင်းထောက်ထားသောဘက်ဂီယာခြေထောက်ကို အမည်မသိအတွင်းအားတစ်စုံက ဖြိုလှဲလိုက်ချေ၏။ ထို့ကြောင့် ဤဝင်္ကပါထိုင်ဝမ်လမ်းကျမ်းစာအုပ်ကို ခရီးမစတင်မှီ ဖတ်ရှုလေ့လာရန်ကြိုးပမ်းခဲ့ပါသော်လည်း နေမထွက်ခင်အခြေပျက်ခဲ့ပါလေပြီ။
.
အဖြစ်အပျက်ကမြန်ဆန်လွန်းလှသလို နိုင်ငံကူးအိမ်ပြောင်းပစ္စည်းစုံ ( ၁၁ ) ခု တွဲလောင်းခိုထားသော မနုသခန္ဓာကိုယ်သည် စက်လှေခါးအလည်မှ ဝိဇ္ဇာနောက်ကျွမ်းထိုးသကဲ့သို့၊ လေဖိအား၏ဗဟိုချက်မကို “ မည်ကဲ့သို့လုပ်လိုက်သည်မသိ ” သော အတွင်းအားတစ်စုံမှ အရိပ်မဲ့မိစ္ဆာကြီးတစ်ကောင်ဝါးမြိုလိုက်သည့်အလား နောက်ပြန်ကျပြီးသကာလ လှေခါးရင်းတွင် ပစ္စည်များပြန့်ကျဲပြီး ဒူးကွဲခဲ့ရလေပြီ။ လက်စားချေမှရမယ် .. လက်စားချေမှရမယ် .. ငါတစ်နေ့လက်စားချေမှရမယ် .. ဝေါ်ယိတင့်ယောက်ပေါက်ချို …။
.
.
နှစ်ကာလများကူးပြောင်း၍ ရွက်သစ်များကြွေနေခဲ့ပါသော်လည်း အဆိုပါ အိမ်ထောင်ဦးစီးသည် ထိုအဖြစ်အပျက်ကို တစ်နေ့တစ်ရက်မျှ မေ့မရနိုင်ခဲ့။ လောကတတ်ယန္တရားနှင့်ယှဉ်နိုင်သည့် ခန္ဓာကိုယ်ကြွက်သားများရရန် ( ၆ ) နှစ် ( ၆ ) မိုး ကြိုးစား၏။ အရှေ့ကျွန်းရှင်၊ အနောက်ကျွန်းရှင်တို့သာမက မလည်မဝယ်ကျွန်းရှင်တို့ပါမကျန် တပည့်ခံ ပညာသင်၏။ နေ့မအား ညမနေ အသေကြိုးစား၏။ ထို့ကြောင့် ယနေ့အချိန်အခါ သမယကို လက်စားချေရန် ဤနေရာကိုရောက်ရှိလာခြင်းဖြစ်ပေသည်။
.
ထို့အပြင် ပင့်ကူလူသားမှ ပေးသနားတော်မူသော ဆမ်ဆောင်းဂယ်လစီနုတ်၏ဒုတိယစီးရီးဖြင့် “ ပက်ပက်စက်စက်လက်စားခြေခြင်းအမှု - Selfie ” ကို ဆောင်ရွက်နိုင်ခဲ့ပါတော့သည်။ ဤကဲ့သို့ ဤနေ့ ဤရက် ဤအချိန်အခါ လက်စားချေသည့်အခါ ကျောပိုးအိတ်တစ်လုံး နှင့် ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးကိုသာ ယူဆောင်လာသည့်အကြောင်း နောင်လာနောက်သားများသိစေရန် မှာတမ်းခြွေအပ်ပါသည်။
.
.
ခင်လျက်
.

02-11-2016 ( ထိုင်ဝမ်းလေဆိပ် )

No comments: