ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, February 11, 2016

အင္တာနက္ထဲကေလဆိပ္၊ ေလဆိပ္ထဲကအင္တာနက္

ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး )
.
လက္ရွိျမင္ထားသေလာက္ ျပည္ပထြက္ခြာဂိတ္ဝေတြက ( ၁ဝ ) ခုေက်ာ္ရွိတယ္။ နားေနသူခရီးသည္ေတြကို ျမိဳ႕ထဲဝင္ခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈအျပည္႕နဲ႕ ဆက္ဆံၾကတယ္။ မ်က္မွန္းတန္းမိတဲ႕ေနရာမွာ ႏုိင္ငံျခားေငြလဲ႒ာနတစ္ခုရွိတယ္။ စားေသာက္ဆုိင္ေတြၾကားမွာ အခြန္ကင္းလြတ္ဆိုင္ေတြညွပ္ေနတာလား .. အခြန္လြတ္ဆုိင္ေတြၾကားမွာ စားေသာက္ဆုိင္ေတြညွပ္ေနတာလား မသဲကြဲဘူး..။ ေသခ်ာတာတစ္ခုကေတာ႕ မလွမ္းမကမ္း ( တိုင္း ) မွာ အေၾကြေစ႕ထည္႕နံရံကပ္ဖုန္းေတြရွိသလို စားေသာက္ဆိုင္တိုင္းနီးပါးမွာ သန္႕စင္ခန္းတြဲထားေပးတယ္။
.
ဒါ႕အျပင္ အစားအေသာက္ပံုပါတဲ႕မီႏ်ဴးေတြကို ပံုမွန္အရြယ္စာလံုးေတြနဲ႕ေရးေလ႕ရွိတယ္။ ဆုိလုိတာက ခရီးသြားသူအၾကိဳက္ကို အျမန္ဆံုးဝန္ေဆာင္မႈေပးမယ္႕ပံုပဲ။ အလယ္ထိုင္ခံုေတြၾကားမွာ လွည္းနဲ႕အမိႈက္လိုက္သိမ္းေနသူေတြက တစ္ေယာက္ဝင္တစ္ေယာက္ထြက္ မျပတ္ၾကဘူး။ ကုိယ္႕ဒုကၡနဲ႕ကိုယ္ ဂိတ္ေပါက္လုိက္ရွာၾကသူေတြကုိ သပ္သပ္ရပ္ရပ္ဝတ္စားထားတဲ႕ဝန္ထမ္းမ်ားက သူတို႕ဆိုင္ဝင္ၾကည္႕ဖို႕ လွမ္းေခၚၾကတယ္။ ႏုိင္ငံၾကီးသားပီသစြာ ေစ်းကြက္တင္တဲ႕အခါ ေစ်းအၾကီးၾကီးထဲကမဟုတ္တဲ႕သူတုိ႕ရဲ႕အခြန္ကင္းလြတ္ - Duty Free ဆိုင္ေတြ အေရာင္းအဝယ္ျဖစ္ၾကတာကုိ ေတြ႕ရတယ္။
.
.
ကြ်န္ေတာ္ဟာ ေျခေထာက္ေဗြေပါက္တဲ႕သူမဟုတ္သလို ခရီးခဏခဏထြက္ေနသူတစ္ေယာက္လည္း မဟုတ္ပါဘူး။ ဒါေၾကာင္႕ သူမ်ားတစ္ကာလုိ ေကာင္းေပ႕ဆုိတဲ႕ေလဆိပ္မ်ိဳးကိုအမွတ္ေပး - Rating လုပ္ေပးဖို႕မွာလည္း မစြမ္းသာပါဘူး။ ဒါေၾကာင္႕ ဒီႏွစ္ ( ၂ဝ၁၆ ) မွာ တစ္ေၾကာ႕ျပန္ေရာက္ျဖစ္တဲ႕ ထုိင္ဝမ္းေလဆိပ္အေၾကာင္းကုိ ျမန္မာလူငယ္မ်ားကို အသိေပးခ်င္စိတ္ျဖစ္မိပါတယ္။ အခုေရးတဲ႕စာဟာလည္း ကြ်န္ေတာ္ေရာက္ဖူးတဲ႕ ထုိင္ဝမ္းေလဆိပ္ရဲ႕အစိတ္အပိုင္းတစ္ခုကိုသာ အေျခခံတာျဖစ္ျပီး ျပည္႕ျပည္႕စံုတယ္လို႕ မယူဆေစခ်င္ပါဘူး။ ကိုယ္႕သြားမယ္႕ခရီးအတြက္ သုေတသန - Research လုပ္ဖို႕ ခရီးသြားသူမွာသာ တာဝန္ရွိပါတယ္။

.
တရုတ္ေလေၾကာင္း - China Airlines နဲ႕ လက္မွတ္ဝယ္ရင္ ထုိင္ဝမ္းေလဆိပ္မွာ ခဏနား - Transit ဝင္ရပါတယ္။ ဆန္ဖရန္ကစီးလာတဲ႕ေလယာဥ္အၾကီးေပၚကလူေတြကို ေလယာဥ္အလတ္ေပၚေျပာင္းျပီး ရန္ကုန္ပုိ႕ဖို႕ ထုိင္ဝမ္းမွာ ( ၁ ) နာရီသာသာ နားရတယ္။ ဒါက ခဏေလးပါ။ ဟုိလွည္႕ဒီလွည္႕ သန္႕စင္ခန္းသြား အေညာင္းဆန္႕ရံုနဲ႕ သိပ္မၾကာပါဘူး .. လူဝင္မႈၾကီးၾကပ္ေရးက ေနာက္ေလယာဥ္တက္ဖို႕ေခၚေနပါျပီ။ ဒါက အေမရိကားကေန ရန္ကုန္ကိုသြားတဲ႕လမ္းေၾကာင္းအထာ..။
.
.
ရန္ကုန္ကေန ျပန္စီးတဲ႕အခါ အခု ကြ်န္ေတာ္ဟာ ( ၇ ) နာရီၾကာ နားရတယ္။ အခုေနာက္ပိုင္းမွ ပုိၾကာလာတာျဖစ္ျပီး အရင္တုန္းက ( ၄ ) နာရီနားရတဲ႕အခါေတြရွိတယ္လို႕ သြားေနက် အမ်ိဳးေတြနဲ႕ သူငယ္ခ်င္းေတြက ေျပာျပၾကတယ္။ ျမန္မာႏုိင္ငံသားဆိုေတာ႕ ေစာင္႕ရတာကအေရထူေနျပီ .. မခက္ခဲေတာ႕ဘူး။ စိတ္ရႈတ္စရာက ကုိယ္သြားေစာင္႕ရမယ္႕ဂိတ္နံပါတ္ကို ရွာရတာပါ။ ပါးစပ္ပါရင္ရြာေရာက္ေပမယ္႕ ထိုင္ဝမ္းေလဆိပ္မွာ စာဖတ္တတ္မွ ရမယ္ .. လမ္းညႊန္         ဆုိုင္းဘုတ္ေတြကိုမွန္ေအာင္ၾကည္႕မွ ရႏုိင္ပါမယ္။
.
မေရာက္ဖူးရင္ မ်က္စိလည္ႏုိင္တာက ရန္ကုန္ကေန အေမရိကားသြားတဲ႕လမ္းေၾကာင္းပါ။ ေလယာဥ္ေပၚကဆင္းတာနဲ႕ ေကာ္ရီဒါတစ္ေလွ်ာက္ လမ္းအေဝးၾကီး ေလွ်ာက္ရတယ္။ ဆြဲလာတဲ႕ ကယ္ရီက ေလးတယ္ဆိုရင္ေတာ႕ နီးစပ္ရာကလွည္းတစ္စီး ဆြဲထားသင္႕တယ္။ ထုိင္ဝမ္းေလဆိပ္အဝင္ေပါက္ဝမွာ ဆန္ဖရန္ေလဆိပ္လို လွည္းအသံုးျပဳခ ေငြေပးမွ ယူသံုးခြင္႕ရွိမလားေတာ႕မေျပာတတ္ဘူး .. ကြ်န္ေတာ္တုိ႕ေလယာဥ္ေပၚကဆင္းလာတဲ႕ဘက္မွာေတာ႕ အခမဲ႕ရတယ္။ ဒါနဲ႕ ကိုယ္ေပၚမွာေလးေနတာေတြအကုန္လံုးတင္၊ ေရွ႕ကလူေတြကိုမတိုက္မိေအာင္ သတိထားတြန္းရင္း နားခ်ိန္က ( ၇ ) နာရီေတာင္ဆုိေတာ႕ ေအးေအးေဆးေဆး ကုိယ္နားရမယ္႕ေနရာလိုက္ရွာရံုပါ။
.
.
သူ႕ေလဆိပ္တည္ေဆာက္ပံုက ဓါတ္ေလွခါးအစား အလိုအေလ်ွာက္စက္ေလွခါးမ်ားတယ္ .. သာမန္ေလွခါးထစ္ေတြကေနတက္ရင္လည္း ရပါတယ္။ ဒါေပမယ္႕ သြားရတဲ႕ေနရာေတြက အခ်ိတ္အဆက္မ်ားသလို အေကြ႕အပတ္ေတြလည္းမ်ားတယ္။ ဒါတင္မကေသးဘူး .. တာမင္နယ္ ( ၂ ) ကိုသြားဖို႕ ရထားစီးခုိင္းတယ္။ ကြ်န္ေတာ႕ရဲ႕ပထမဦးဆံုးအေမရိကားခရီးစဥ္မွာ ရထားမေတြ႕လို႕ဆက္မသြားတတ္ေအာင္ျဖစ္ခဲ႕ဖူးတယ္ဆုိရင္ ခ်စ္မိတ္ေဆြစာဖတ္သူတုိ႕ ယံုႏုိင္ပါ႕မလား?
.
အဲဒါနဲ႕ ရထားစီး၊ စက္ေလွခါးေပၚတက္၊ ဟုိဘက္ေကြ႕၊ ဒီဘက္ေကြ႕ နဲ႕ ေနာက္ဆံုး လမ္းညႊန္ဆုိင္းဘုတ္ေခၚရာလိုက္လာရင္း အေပၚပုိင္းမွာေျပာခဲ႕တဲ႕ ေစ်းဝယ္စင္တာ - Shopping Mall ဆန္ဆန္ ထြက္ခြာ႒ာန - D Gates အုပ္စုၾကီးကုိေရာက္ပါတယ္။ အစပိုင္းအထိ ကြ်န္ေတာ္ေလွ်ာက္ၾကည္႕တယ္။ တစ္ကယ္တုိင္းၾကည္႕ရင္ လမ္းမေတာ္ကေန သိမ္ၾကီးေစ်းေလာက္အထိရွိမလားပဲ..။ တစ္လမ္းလံုးလည္း မီးေတြလင္း၊ ေခတ္မီပစၥည္းလိုခ်င္စရာေတြခ်ည္းေပမို႕ ဗိုက္ကလည္းဆာ ေဒၚလာကလည္းမသံုးရက္နဲ႕ စိုးတထိတ္ထိတ္နဲဲ႕ ထုိင္ဝမ္းေလဆိပ္ပါ။
.
.
ဒီေလဆိပ္မွာအၾကိဳက္ဆံုးက အင္တာနက္ပါ။ စားေသာက္ဆိုင္ နဲ႕ စတိုးဆုိင္ေတြအားလံုးနီးပါးမွာ ကိုယ္ပုိင္အင္တာနက္ဝိုင္ဖုိင္ေတြ လြႊင္႕ေပးထားရွိတယ္။ လိုင္းဆြဲအားဟာ အေကာင္းဆံုးလို႕ေျပာလုိ႕မရေပမယ္႕ အင္တာနက္ထစ္ေနတယ္ဆုိတာ မရွိဘူး။ ဘယ္ဟာကုိယ္ဝင္ခ်င္သလဲ မ်ားေသာအားျဖင္႕ လွ်ိဳ႕ဝွက္နံပါတ္မခံထားတဲ႕ Open ေတြ ျဖစ္ၾကတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ ေလဆိပ္အင္တာနက္ကသိပ္မမိခ်င္ဘူးဆိုရင္ နီးစပ္ရာစားေသာက္ဆုိင္မွာ Password ဝင္ေတာင္းလို႕ရတယ္။
.
သူတို႕ဆီမွာမစားလည္း သူတုိ႕ကေပးတာပဲ။  ဘာလုိ႕လည္းဆိုေတာ႕ သူတုိ႕အင္တာနက္လိုင္းဆြဲအားေကာင္းရင္ အၾကာၾကီးသံုးမယ္။ အၾကာၾကီးသံုးရင္ ဗိုက္ဆာလာမယ္ေလ။ ဒါဆို သူ႕ဆုိင္အတြက္ တစ္ခုခုေရာင္းရျပီေပါ႕။ စားပြဲခံုေတြမွာ အားသြင္းစံနစ္ - Charging Service ေတြပါတဲ႕ ပလပ္ခံုေတြတပ္ထားေပးတာ သိပ္လွတဲ႕ေလဆိပ္ကို အသက္ဝင္ေစပါတယ္။
.
ေနာက္ထပ္အၾကိဳက္ဆံုးတစ္ခုက ေလဆိပ္စာၾကည္႕တိုက္ပါ။ သီခ်င္းသံတုိးတိုးေလး နဲ႕ လက္ေတာ႕ေလးထုိင္သံုးမလား? သူတို႕ေပးထားတဲ႕ Desktop ကြန္ပ်ဴတာမွာ အင္တာနက္သံုးမလား? ဆိုဖာထုိင္ခံုမွာက်က်နနထိုင္ျပီး အိုင္ဖက္ သံုးမလား? ဒါမွမဟုတ္ အဂၤလိပ္၊ တရုတ္စာအုပ္တစ္ခုခုဖတ္ျပီး အက်ိဳးရွိတဲ႕အခ်ိန္ကုိ ကုန္လြန္ေစမလား ကြ်န္ေတာ္တို႕ရဲ႕သေဘာပါပဲ။ အခု ကြ်န္ေတာ္ စားေသာက္ဆိုင္မွာ စာထုိင္ေရးေနတုန္း ျပင္သစ္ေကာင္မေလးႏွစ္ေယာက္ ေဘးနားမွာစကားအက်ယ္ၾကီးထုိင္ေျပာေနလို႕ စာၾကည္႕တိုက္ကုိ စားက်က္ေျပာင္းျပီး စာကိုအဆံုးသတ္ေနတာ ျဖစ္ပါတယ္။
.
.
စာၾကည္႕တိုက္ဆုိေသာ္ျငားလည္း ကုိယ္႕ရဲ႕လက္ကုိင္ဖုန္းကိုအားသြင္းထားရင္း ဟုိနားဒီနားသြားခ်င္လို႕ မေပ်ာက္ရေအာင္ တစ္လံုးခ်င္းေသာ႕ခတ္လို႕ရတဲ႕ အခန္း - Locker ေလးေတြကို နံပါတ္နဲ႕တကြ လုပ္ထားေပးတယ္။ နည္းနည္းေလးညည္းစီစီျဖစ္လာလုိ႕ သန္႕စင္ခန္းဝင္တဲ႕အခါ စကၤာပူေလဆိပ္ ( ၂ဝ၁၂ ေရာက္တုန္းက ) ထက္ ပိုသန္႕တာေတြ႕ရတယ္။ စံနစ္ေတြက ေတာ္ေတာ္ကြာေနျပီပဲ။ အေရွ႕အလယ္ပုိင္းေရနံထြက္လုိ႕ ႏိုင္ငံကခ်မ္းသာလြန္းလို႕ သဲကႏၱာရထဲမွာ ရွားပါးေလဆိပ္ရွိတာကို ကြ်န္ေတာ္မအံ႕ၾသပါဘူး။
.
အခု ထိုင္ဝမ္းေလဆိပ္က သူ႕ဆီမွာလာနားမယ္႕ခရီးသည္ေတြနားက ေငြဘယ္လိုခ်ဴယူရမယ္ဆုိတာကို ေကာင္းေကာင္းသိေနတာကို ကြ်န္ေတာ္ခ်ီးက်ဴးခ်င္တာ။ ကြ်န္ေတာ္ဟာ လုပ္ငန္းအေၾကာင္းဆိုရင္ အားနည္းခ်က္ အားသာခ်က္ကို အျမဲျမင္တတ္သူပါ။ သူတုိ႕မွာ အင္အားၾကီးတဲ႕တရုတ္ျပည္ထက္ ေတြးေတာဥာဏ္ရွိတာကိုေတြ႕ရတယ္။ ပါဝါခ်င္းမျပိဳင္ပဲ ပညာခ်င္းျပိဳင္တာ သိသာတယ္။ ပစၥည္းခ်င္းမျပိဳင္ပဲ ဝန္ေဆာင္မႈသာေအာင္လုပ္ေနတာ ျမင္သာတယ္။ ၾကည္႕လိုက္ရင္ေတာ႕ တရုတ္လူမ်ိဳး၊ တရုတ္ေလေၾကာင္းလိုင္းပဲ .. ေစ်းေရာင္းတာခ်င္းလည္းတူတယ္ .. ကုန္ပစၥည္းလည္းမကြာဘူး .. လုပ္ပံုကိုင္ပံုပဲ ကြာတယ္။ မထူးေတာ႕ပါဘူး .. ဂိတ္အစ ဂိတ္အဆံုးကို ေလွ်ာက္ၾကည္႕ဦးမွပါပဲ။
.
ခင္လ်က္
.
02-11-2016 ( ထုိင္ဝမ္းေလဆိပ္ထြက္ခြါဂိတ္အနီးစာၾကည္႕တိုက္မွ )
.
.
.
Myanmar Unicode Version:
.
.
“ အင်တာနက်ထဲကလေဆိပ်၊ လေဆိပ်ထဲကအင်တာနက် ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
လက်ရှိမြင်ထားသလောက် ျပည္ပထြက္ခြာဂိတ္ဝေတြက ( ၁ဝ ) ခုေက်ာ္ရွိတယ္။ နားနေသူခရီးသည်တွေကို မြို့ထဲဝင်ချင်လောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့ ဆက်ဆံကြတယ်။ မျက်မှန်းတန်းမိတဲ့နေရာမှာ နိုင်ငံခြားငွေလဲဋ္ဌာနတစ်ခုရှိတယ်။ စားသောက်ဆိုင်တွေကြားမှာ အခွန်ကင်းလွတ်ဆိုင်တွေညှပ်နေတာလား .. အခွန်လွတ်ဆိုင်တွေကြားမှာ စားသောက်ဆိုင်တွေညှပ်နေတာလား မသဲကွဲဘူး..။ သေချာတာတစ်ခုကတော့ မလှမ်းမကမ်း ( တိုင်း ) မှာ အကြွေစေ့ထည့်နံရံကပ်ဖုန်းတွေရှိသလို စားသောက်ဆိုင်တိုင်းနီးပါးမှာ သန့်စင်ခန်းတွဲထားပေးတယ်။
.
ဒါ့အပြင် အစားအသောက်ပုံပါတဲ့မီနျူးတွေကို ပုံမှန်အရွယ်စာလုံးတွေနဲ့ရေးလေ့ရှိတယ်။ ဆိုလိုတာက ခရီးသွားသူအကြိုက်ကို အမြန်ဆုံးဝန်ဆောင်မှုပေးမယ့်ပုံပဲ။ အလယ်ထိုင်ခုံတွေကြားမှာ လှည်းနဲ့အမှိုက်လိုက်သိမ်းနေသူတွေက တစ်ယောက်ဝင်တစ်ယောက်ထွက် မပြတ်ကြဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် ဂိတ်ပေါက်လိုက်ရှာကြသူတွေကို သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ဝန်ထမ်းများက သူတို့ဆိုင်ဝင်ကြည့်ဖို့ လှမ်းခေါ်ကြတယ်။ နိုင်ငံကြီးသားပီသစွာ ဈေးကွက်တင်တဲ့အခါ ဈေးအကြီးကြီးထဲကမဟုတ်တဲ့သူတို့ရဲ့အခွန်ကင်းလွတ် - Duty Free ဆိုင်တွေ အရောင်းအဝယ်ဖြစ်ကြတာကို တွေ့ရတယ်။
.
.
ကျွန်တော်ဟာ ခြေထောက်ဗွေပေါက်တဲ့သူမဟုတ်သလို ခရီးခဏခဏထွက်နေသူတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် သူများတစ်ကာလို ကောင်းပေ့ဆိုတဲ့လေဆိပ်မျိုးကိုအမှတ်ပေး - Rating လုပ်ပေးဖို့မှာလည်း မစွမ်းသာပါဘူး။ ဒါကြောင့် ဒီနှစ် ( ၂ဝ၁၆ ) မှာ တစ်ကြော့ပြန်ရောက်ဖြစ်တဲ့ ထိုင်ဝမ်းလေဆိပ်အကြောင်းကို မြန်မာလူငယ်များကို အသိပေးချင်စိတ်ဖြစ်မိပါတယ်။ အခုရေးတဲ့စာဟာလည်း ကျွန်တော်ရောက်ဖူးတဲ့ ထိုင်ဝမ်းလေဆိပ်ရဲ့အစိတ်အပိုင်းတစ်ခုကိုသာ အခြေခံတာဖြစ်ပြီး ပြည့်ပြည့်စုံတယ်လို့ မယူဆစေချင်ပါဘူး။ ကိုယ့်သွားမယ့်ခရီးအတွက် သုတေသန - Research လုပ်ဖို့ ခရီးသွားသူမှာသာ တာဝန်ရှိပါတယ်။
.
တရုတ်လေကြောင်း - China Airlines နဲ့ လက်မှတ်ဝယ်ရင် ထိုင်ဝမ်းလေဆိပ်မှာ ခဏနား - Transit ဝင်ရပါတယ်။ ဆန်ဖရန်ကစီးလာတဲ့လေယာဉ်အကြီးပေါ်ကလူတွေကို လေယာဉ်အလတ်ပေါ်ပြောင်းပြီး ရန်ကုန်ပို့ဖို့ ထိုင်ဝမ်းမှာ ( ၁ ) နာရီသာသာ နားရတယ်။ ဒါက ခဏလေးပါ။ ဟိုလှည့်ဒီလှည့် သန့်စင်ခန်းသွား အညောင်းဆန့်ရုံနဲ့ သိပ်မကြာပါဘူး .. လူဝင်မှုကြီးကြပ်ရေးက နောက်လေယာဉ်တက်ဖို့ခေါ်နေပါပြီ။ ဒါက အမေရိကားကနေ ရန်ကုန်ကိုသွားတဲ့လမ်းကြောင်းအထာ..။
.
.
ရန်ကုန်ကနေ ပြန်စီးတဲ့အခါ အခု ကျွန်တော်ဟာ ( ၇ ) နာရီကြာ နားရတယ်။ အခုနောက်ပိုင်းမှ ပိုကြာလာတာဖြစ်ပြီး အရင်တုန်းက ( ၄ ) နာရီနားရတဲ့အခါတွေရှိတယ်လို့ သွားနေကျ အမျိုးတွေနဲ့ သူငယ်ချင်းတွေက ပြောပြကြတယ်။ မြန်မာနိုင်ငံသားဆိုတော့ စောင့်ရတာကအရေထူနေပြီ .. မခက်ခဲတော့ဘူး။ စိတ်ရှုတ်စရာက ကိုယ်သွားစောင့်ရမယ့်ဂိတ်နံပါတ်ကို ရှာရတာပါ။ ပါးစပ်ပါရင်ရွာရောက်ပေမယ့် ထိုင်ဝမ်းလေဆိပ်မှာ စာဖတ်တတ်မှ ရမယ် .. လမ်းညွှန်    ဆိုင်းဘုတ်တွေကိုမှန်အောင်ကြည့်မှ ရနိုင်ပါမယ်။
.
မရောက်ဖူးရင် မျက်စိလည်နိုင်တာက ရန်ကုန်ကနေ အမေရိကားသွားတဲ့လမ်းကြောင်းပါ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ ကော်ရီဒါတစ်လျှောက် လမ်းအဝေးကြီး လျှောက်ရတယ်။ ဆွဲလာတဲ့ ကယ်ရီက လေးတယ်ဆိုရင်တော့ နီးစပ်ရာကလှည်းတစ်စီး ဆွဲထားသင့်တယ်။ ထိုင်ဝမ်းလေဆိပ်အဝင်ပေါက်ဝမှာ ဆန်ဖရန်လေဆိပ်လို လှည်းအသုံးပြုခ ငွေပေးမှ ယူသုံးခွင့်ရှိမလားတော့မပြောတတ်ဘူး .. ကျွန်တော်တို့လေယာဉ်ပေါ်ကဆင်းလာတဲ့ဘက်မှာတော့ အခမဲ့ရတယ်။ ဒါနဲ့ ကိုယ်ပေါ်မှာလေးနေတာတွေအကုန်လုံးတင်၊ ရှေ့ကလူတွေကိုမတိုက်မိအောင် သတိထားတွန်းရင်း နားချိန်က ( ၇ ) နာရီတောင်ဆိုတော့ အေးအေးဆေးဆေး ကိုယ်နားရမယ့်နေရာလိုက်ရှာရုံပါ။
.
.
သူ့လေဆိပ်တည်ဆောက်ပုံက ဓါတ်လှေခါးအစား အလိုအလျှောက်စက်လှေခါးများတယ် .. သာမန်လှေခါးထစ်တွေကနေတက်ရင်လည်း ရပါတယ်။ ဒါပေမယ့် သွားရတဲ့နေရာတွေက အချိတ်အဆက်များသလို အကွေ့အပတ်တွေလည်းများတယ်။ ဒါတင်မကသေးဘူး .. တာမင်နယ် ( ၂ ) ကိုသွားဖို့ ရထားစီးခိုင်းတယ်။ ကျွန်တော့ရဲ့ပထမဦးဆုံးအမေရိကားခရီးစဉ်မှာ ရထားမတွေ့လို့ဆက်မသွားတတ်အောင်ဖြစ်ခဲ့ဖူးတယ်ဆိုရင် ချစ်မိတ်ဆွေစာဖတ်သူတို့ ယုံနိုင်ပါ့မလား?
.
အဲဒါနဲ့ ရထားစီး၊ စက်လှေခါးပေါ်တက်၊ ဟိုဘက်ကွေ့၊ ဒီဘက်ကွေ့ နဲ့ နောက်ဆုံး လမ်းညွှန်ဆိုင်းဘုတ်ခေါ်ရာလိုက်လာရင်း အပေါ်ပိုင်းမှာပြောခဲ့တဲ့ ဈေးဝယ်စင်တာ - Shopping Mall ဆန်ဆန် ထွက်ခွာဋ္ဌာန - D Gates အုပ်စုကြီးကိုရောက်ပါတယ်။ အစပိုင်းအထိ ကျွန်တော်လျှောက်ကြည့်တယ်။ တစ်ကယ်တိုင်းကြည့်ရင် လမ်းမတော်ကနေ သိမ်ကြီးဈေးလောက်အထိရှိမလားပဲ..။ တစ်လမ်းလုံးလည်း မီးတွေလင်း၊ ခေတ်မီပစ္စည်းလိုချင်စရာတွေချည်းပေမို့ ဗိုက်ကလည်းဆာ ဒေါ်လာကလည်းမသုံးရက်နဲ့ စိုးတထိတ်ထိတ်နဲ့ ထိုင်ဝမ်းလေဆိပ်ပါ။
.
.
ဒီလေဆိပ်မှာအကြိုက်ဆုံးက အင်တာနက်ပါ။ စားသောက်ဆိုင် နဲ့ စတိုးဆိုင်တွေအားလုံးနီးပါးမှာ ကိုယ်ပိုင်အင်တာနက်ဝိုင်ဖိုင်တွေ လွှင့်ပေးထားရှိတယ်။ လိုင်းဆွဲအားဟာ အကောင်းဆုံးလို့ပြောလို့မရပေမယ့် အင်တာနက်ထစ်နေတယ်ဆိုတာ မရှိဘူး။ ဘယ်ဟာကိုယ်ဝင်ချင်သလဲ များသောအားဖြင့် လျှို့ဝှက်နံပါတ်မခံထားတဲ့ Open တွေ ဖြစ်ကြတယ်။ တစ်ချို့နေရာတွေမှာ လေဆိပ်အင်တာနက်ကသိပ်မမိချင်ဘူးဆိုရင် နီးစပ်ရာစားသောက်ဆိုင်မှာ Password ဝင်တောင်းလို့ရတယ်။
.
သူတို့ဆီမှာမစားလည်း သူတို့ကပေးတာပဲ။  ဘာလို့လည်းဆိုတော့ သူတို့အင်တာနက်လိုင်းဆွဲအားကောင်းရင် အကြာကြီးသုံးမယ်။ အကြာကြီးသုံးရင် ဗိုက်ဆာလာမယ်လေ။ ဒါဆို သူ့ဆိုင်အတွက် တစ်ခုခုရောင်းရပြီပေါ့။ စားပွဲခုံတွေမှာ အားသွင်းစံနစ် - Charging Service တွေပါတဲ့ ပလပ်ခုံတွေတပ်ထားပေးတာ သိပ်လှတဲ့လေဆိပ်ကို အသက်ဝင်စေပါတယ်။
.
နောက်ထပ်အကြိုက်ဆုံးတစ်ခုက လေဆိပ်စာကြည့်တိုက်ပါ။ သီချင်းသံတိုးတိုးလေး နဲ့ လက်တော့လေးထိုင်သုံးမလား? သူတို့ပေးထားတဲ့ Desktop ကွန်ပျူတာမှာ အင်တာနက်သုံးမလား? ဆိုဖာထိုင်ခုံမှာကျကျနနထိုင်ပြီး အိုင်ဖက် သုံးမလား? ဒါမှမဟုတ် အင်္ဂလိပ်၊ တရုတ်စာအုပ်တစ်ခုခုဖတ်ပြီး အကျိုးရှိတဲ့အချိန်ကို ကုန်လွန်စေမလား ကျွန်တော်တို့ရဲ့သဘောပါပဲ။ အခု ကျွန်တော် စားသောက်ဆိုင်မှာ စာထိုင်ရေးနေတုန်း ပြင်သစ်ကောင်မလေးနှစ်ယောက် ဘေးနားမှာစကားအကျယ်ကြီးထိုင်ပြောနေလို့ စာကြည့်တိုက်ကို စားကျက်ပြောင်းပြီး စာကိုအဆုံးသတ်နေတာ ဖြစ်ပါတယ်။
.
.
စာကြည့်တိုက်ဆိုသော်ငြားလည်း ကိုယ့်ရဲ့လက်ကိုင်ဖုန်းကိုအားသွင်းထားရင်း ဟိုနားဒီနားသွားချင်လို့ မပျောက်ရအောင် တစ်လုံးချင်းသော့ခတ်လို့ရတဲ့ အခန်း - Locker လေးတွေကို နံပါတ်နဲ့တကွ လုပ်ထားပေးတယ်။ နည်းနည်းလေးညည်းစီစီဖြစ်လာလို့ သန့်စင်ခန်းဝင်တဲ့အခါ စင်္ကာပူလေဆိပ် ( ၂ဝ၁၂ ရောက်တုန်းက ) ထက် ပိုသန့်တာတွေ့ရတယ်။ စံနစ်တွေက တော်တော်ကွာနေပြီပဲ။ အရှေ့အလယ်ပိုင်းရေနံထွက်လို့ နိုင်ငံကချမ်းသာလွန်းလို့ သဲကန္တာရထဲမှာ ရှားပါးလေဆိပ်ရှိတာကို ကျွန်တော်မအံ့ဩပါဘူး။
.
အခု ထိုင်ဝမ်းလေဆိပ်က သူ့ဆီမှာလာနားမယ့်ခရီးသည်တွေနားက ငွေဘယ်လိုချူယူရမယ်ဆိုတာကို ကောင်းကောင်းသိနေတာကို ကျွန်တော်ချီးကျူးချင်တာ။ ကျွန်တော်ဟာ လုပ်ငန်းအကြောင်းဆိုရင် အားနည်းချက် အားသာချက်ကို အမြဲမြင်တတ်သူပါ။ သူတို့မှာ အင်အားကြီးတဲ့တရုတ်ပြည်ထက် တွေးတောဥာဏ်ရှိတာကိုတွေ့ရတယ်။ ပါဝါချင်းမပြိုင်ပဲ ပညာချင်းပြိုင်တာ သိသာတယ်။ ပစ္စည်းချင်းမပြိုင်ပဲ ဝန်ဆောင်မှုသာအောင်လုပ်နေတာ မြင်သာတယ်။ ကြည့်လိုက်ရင်တော့ တရုတ်လူမျိုး၊ တရုတ်လေကြောင်းလိုင်းပဲ .. ဈေးရောင်းတာချင်းလည်းတူတယ် .. ကုန်ပစ္စည်းလည်းမကွာဘူး .. လုပ်ပုံကိုင်ပုံပဲ ကွာတယ်။ မထူးတော့ပါဘူး .. ဂိတ်အစ ဂိတ်အဆုံးကို လျှောက်ကြည့်ဦးမှပါပဲ။
.
ခင်လျက်
.
02-11-2016 ( ထိုင်ဝမ်းလေဆိပ်ထွက်ခွါဂိတ်အနီးစာကြည့်တိုက်မှ )



No comments: