ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, November 7, 2016

ထိုင္ဝမ္ ( သို႕မဟုတ္ ) အနီေဖ်ာ႕ေရာင္ပန္းတစ္ပြင္႕

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ဖဲၾကိဳးနီနဲ႕ေရ ထိတဲ႕အခါ အနီစက္လက္ေရေပါက္ေတြက ပန္းျဖဴေလးတစ္ပြင္႕ေပၚက်ပါတယ္။ ဒီေနရာမွာ ထိုင္ဝမ္ဆိုျပီးေတာ႕ ၾကိဳးနီစံနစ္ထက္ေပ်ာ႕တဲ႕ ေဖ်ာ႕ေတာ႕ေတာ႕ ပန္းပြင္႕ေလးတစ္ပြင္႕ေပၚလာတယ္။ ေရျပင္က်ယ္ၾကီးအလယ္မွာ ကုန္းေျမပါးပါးေလးက ခပ္ရွားရွား..။ ေတာက္ေနတဲ႕တိမ္လိပ္ေတြၾကားမွာ ပုဝါပါးပါးေလးျခံဳထားသလုိ တိမ္လႊာေတြဝန္းရံေနတာကေတာ႕ ထုိင္ဝမ္ကြ်န္းက ထုိင္ေပျမိဳ႕ေလးပါပဲ။
.
ေလယာဥ္ေပၚကျမင္ကြင္းဟာ စိတ္ကုိဖမ္းစားႏိုင္တာထက္ လက္ကိုင္ဖုန္းက ကင္မရာခလုပ္ကို မျပတ္ေစစားတယ္။ ရုိက္တယ္ .. ရိုက္တယ္..။ မ်က္စိေရွ႕က သြားၾကားထိုးတံေလးေတြေသေသခ်ာခ်ာၾကည္႕လုိက္ေတာ႕ သံုးပြင္႕ဆုိင္ဒလက္ေတြနဲ႕ ခပ္မွန္မွန္လည္ေနတဲ႕ ေရအားလွ်ပ္စစ္တာဝါတိုင္ေတြ ျဖစ္ေနပါတယ္။
.
.
ေရျပင္ျပာၾကီးဘက္ကုိ ငံု႕ၾကည္႕တဲ႕အခါ ငယ္ငယ္တုန္းက လက္ေဆာ႕ခဲ႕တဲ႕ ျမန္မာျပည္ျဖစ္အကယ္ဒမီမီးျခစ္ဗူးေလးေတြ ေရေပၚမွာ ေပါေလာေမွ်ာေနတာေတြ႕တယ္။ တစ္ဆက္တည္း အၾကည္႕ေခၚရာေနာက္လိုက္သြားတဲ႕အခါ ေမာ္ေတာ္ဘုတ္အျဖဴေလးတစ္စီး အားကုန္ေမာင္းႏွင္ေနတယ္။ မာလိန္မွဴးရဲ႕ေမာင္းႏွင္ဟန္က ေရထဲမွာ တစ္ရွပ္ရွပ္ .. ထုိင္ဝမ္ကို ေန႕ခင္းဘက္ျမင္ရတာ ကြ်န္ေတာ႕ရင္ထဲမွာ တစ္လွပ္လွပ္..။
.
ေလယာဥ္ျပဴတင္းေပါက္ကေန အျပင္ကုိေငးေနတဲ႕ကြ်န္ေတာ္ ဒီဘက္ကုိအလွည္႕မွာ ေဘးက ျမန္မာလူငယ္ေလးတစ္ေယာက္က ကြ်န္ေတာ႕ပုခံုးကိုေက်ာ္ျပီး ထုိင္ဝမ္ကိုၾကည္႕ေနတယ္။ သူက ..

.
.
“ ကြ်န္ေတာ္ ထုိင္ဝမ္ကိုေရာက္ဖူးတာ ဒါ ဒုတိယအၾကိမ္ဗ် ”
.
“ ဒီတစ္ေခါက္က ( ကြ်န္ေတာ္နားမလည္တဲ႕တရုတ္စာလံုးနဲ႕ ) အျမဲတမ္းေနထုိင္ခြင္႕စာရြက္ သြားယူတာ ”
.
“ ဒီႏိုင္ငံကလူေတြက ျမန္မာႏုိင္ငံထက္ စည္းကမ္းရွိတယ္။ ကားလမ္းေတြမွာ ကားကမ်ားတာေတာ႕ မ်ားတာပဲ။ ဒါေပမယ္႕ ကားလမ္းသာလို႕ လမ္းသြားေျဖာင္႕တယ္ ”
.
.
“ ဥပမာ - တစ္စီးက ေခါင္းတည္ျပီးလမ္းေတာင္းရင္ ေနာက္တစ္စီးက ေစာင္႕ေပးတယ္။ ရန္ကုန္မွာက အဲဒီလိုမဟုတ္ပဲ မညွာမတာ အတင္းတိုးဝင္ေတာ႕ ကားက မလိုအပ္ပဲ ၾကပ္ကုန္ေရာ ”
.
“ ထိုင္ဝမ္ က ဆိုင္ကယ္ႏုိင္ငံဗ်။ ဆိုင္ကယ္ရွိရင္ အလုပ္ျဖစ္တယ္။ ဒါေပမယ္႕ ကုိယ္ပိုင္ကားမရွိဘူးလား .. ရွိပါတယ္ .. အမ်ားၾကီးပဲ။ တကၠဆီလည္း ရွိတယ္။ အရမ္းၾကီးအသံုးမမ်ားဘူး ”
.
“ အလုပ္တက္ အလုပ္ဆင္း - ရထားစီးသူေတြမ်ားတယ္၊ ဘတ္စ္ကားစီးသူလည္း မ်ားတယ္။ ဆိုင္ကယ္ကေတာ႕ ရႊတ္ကနဲ လိုတဲ႕ေနရာ တန္းေရာက္တာေပါ႕ ။ ျပီးေတာ႕ ရွိေသးတယ္ ….”
.
.
“ ထိုင္ဝမ္မွာ စားေသာက္ဆုိင္ေတြ သိပ္အလုပ္ျဖစ္တယ္ .. သိလား? ”
.
“ တစ္ပတ္ ( ၅ ) ရက္ အေသအလုပ္လုပ္ .. စေန၊ တနဂၤေႏြေရာက္ေရာ အသားကုန္စားတာ ..  ရံုးပိတ္ရက္ဆုိ စားေသာက္ဆုိင္ေတြမွာ ေနရာကိုမရဘူး။ ေသာက္လို႕ ေပ်ာ္လို႕ေကာင္းတာလည္း ပါမွာေပါ႕ေလ ”
.
“ အခု ၾကည္႕ေနတာ .. ထိုင္ဝမ္ကလူေတြက ရန္ကုန္ျပန္အလုပ္လုပ္ၾက။ ရန္ကုန္ကလူေတြက ထုိင္ဝမ္သြားအလုပ္လုပ္ၾက။ ရယ္ေတာ႕ရယ္ရတယ္ ”
.
.
“ ႏွစ္တုိင္း ( ၈ ) လပိုင္း နဲ႕ ( ၉ ) လပိုင္းဆိုရင္ တီဗီြ၊ ေရဒီယုိအျမဲ ဂရုစုိက္နားေထာင္ရတယ္။ မုန္တိုင္းရာသီျဖစ္ေတာ႕ အလုပ္မလုပ္ရ၊ ေက်ာင္းမသြားရ၊ အျပင္မထြက္ရ၊ အစားအေသာက္အျပည္႕အစံုနဲ႕ အိမ္ထဲမွာ အတိအက် ..။”
.
“ ဘယ္လို ..? မုန္တိုင္းတုိက္ရင္ တိုက္ေတြ ကားေတြ မပ်က္စီးဘူးလား .. ဟုတ္လား? ”
.
“ မျပိဳက်ပါဘူး .. အစ္ကုိၾကီးရ ။ ဒီကအိမ္ေတြက ခုိင္ပါတယ္။ ေရၾကီးတာေတာ႕ ခြ်င္းခ်က္ေပါ႕ ”
.
“ အဲ .. ေလနတ္သားၾကီးက စိတ္ေကာက္လုိ႕ ေအာက္တိုဘာလမွ မုန္တုိင္းဝင္တာ ရွိေတာ႕ရွိတယ္ .. ရွားပါတယ္ ”
.
ကိုဝင္းေအာင္ ဆုိတဲ႕ ျမန္မာလူငယ္ေလးစကားအဆံုးမွာ ေလယာဥ္ကလည္း ေျမျပင္ကိုဆင္းသက္ေတာ႕မယ္႕အခ်ိန္နဲ႕ နီးေနပါျပီ။ ေလယာဥ္ၾကမ္းျပင္မွာခ်ထားတဲ႕ ေက်ာပိုးအိတ္လည္း အေညာင္းအညာေျပလုိ႕ ေနာက္ခရီးဆက္ဖို႕အဆင္သင္႕ျဖစ္ေနျပီ။
.
.
ကြ်န္ေတာ္တို႕ဘဝေတြက ဘယ္ေနရာကိုသြားခ်င္တယ္ဆိုတာကိုသာေရြးခ်ယ္ခြင္႕ရွိေပမယ္႕ ဘယ္သူနဲ႕ေတြ႕ခ်င္တယ္၊ ဘယ္သူနဲ႕မေတြ႕ခ်င္ဘူးဆိုတာ ေရြးခ်ယ္ခြင္႕မရွိဘူးဆိုတာ တိမ္တိုက္ျဖဴေတြက ကြ်န္ေတာ႕ကိုရွင္းျပေနတာကို နားေထာင္ေနမိတယ္။
.
အမွန္အတိုင္းေျပာရရင္ေတာ႕ ကြ်န္ေတာ႕ဘဝမွာ သူေတာ္ေကာင္း၊ လူမွန္၊ လူေကာင္း၊ အမွန္ေျပာသူတို႕နဲ႕သာဆံုခ်င္တယ္ဆုိတာကို ထိုင္ဝမ္ေလဆိပ္မွာ တစ္ေထာက္နားတုန္း တစ္ကိုယ္တည္း အထီးက်န္စြာ ဆုေတာင္းေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
တစ္ေထာက္နား ထိုင္ဝမ္ေလဆိပ္
11-07-2016
.
.
Unicode Version:
.
.
“ ထိုင်ဝမ် ( သို့မဟုတ် ) အနီဖျော့ေရာင္ပန်းတစ်ပွင့် ”
.
ဖဲကြိုးနီနဲ့ရေ ထိတဲ့အခါ အနီစက်လက်ရေပေါက်တွေက ပန်းဖြူလေးတစ်ပွင့်ပေါ်ကျပါတယ်။ ဒီနေရာမှာ ထိုင်ဝမ်ဆိုပြီးတော့ ကြိုးနီစံနစ်ထက်ပျော့တဲ့ ဖျော့တော့တော့ ပန်းပွင့်လေးတစ်ပွင့်ပေါ်လာတယ်။ ရေပြင်ကျယ်ကြီးအလယ်မှာ ကုန်းမြေပါးပါးလေးက ခပ်ရှားရှား..။ တောက်နေတဲ့တိမ်လိပ်တွေကြားမှာ ပုဝါပါးပါးလေးခြုံထားသလို တိမ်လွှာတွေဝန်းရံနေတာကတော့ ထိုင်ဝမ်ကျွန်းက ထိုင်ပေမြို့လေးပါပဲ။
.
လေယာဉ်ပေါ်ကမြင်ကွင်းဟာ စိတ်ကိုဖမ်းစားနိုင်တာထက် လက်ကိုင်ဖုန်းက ကင်မရာခလုပ်ကို မပြတ်စေစားတယ်။ ရိုက်တယ် .. ရိုက်တယ်..။ မျက်စိရှေ့က သွားကြားထိုးတံလေးတွေသေသေချာချာကြည့်လိုက်တော့ သုံးပွင့်ဆိုင်ဒလက်တွေနဲ့ ခပ်မှန်မှန်လည်နေတဲ့ ရေအားလျှပ်စစ်တာဝါတိုင်တွေ ဖြစ်နေပါတယ်။
.
.
ရေပြင်ပြာကြီးဘက်ကို ငုံ့ကြည့်တဲ့အခါ ငယ်ငယ်တုန်းက လက်ဆော့ခဲ့တဲ့ မြန်မာပြည်ဖြစ်အကယ်ဒမီမီးခြစ်ဗူးလေးတွေ ရေပေါ်မှာ ပေါလောမျှောနေတာတွေ့တယ်။ တစ်ဆက်တည်း အကြည့်ခေါ်ရာနောက်လိုက်သွားတဲ့အခါ မော်တော်ဘုတ်အဖြူလေးတစ်စီး အားကုန်မောင်းနှင်နေတယ်။ မာလိန်မှူးရဲ့မောင်းနှင်ဟန်က ရေထဲမှာ တစ်ရှပ်ရှပ် .. ထိုင်ဝမ်ကို နေ့ခင်းဘက်မြင်ရတာ ကျွန်တော့ရင်ထဲမှာ တစ်လှပ်လှပ်..။
.
လေယာဉ်ပြူတင်းပေါက်ကနေ အပြင်ကိုငေးနေတဲ့ကျွန်တော် ဒီဘက်ကိုအလှည့်မှာ ဘေးက မြန်မာလူငယ်လေးတစ်ယောက်က ကျွန်တော့ပုခုံးကိုကျော်ပြီး ထိုင်ဝမ်ကိုကြည့်နေတယ်။ သူက ..
.
.
ကျွန်တော် ထိုင်ဝမ်ကိုရောက်ဖူးတာ ဒါ ဒုတိယအကြိမ်ဗျ ”
.
ဒီတစ်ခေါက်က ( ကျွန်တော်နားမလည်တဲ့တရုတ်စာလုံးနဲ့ ) အမြဲတမ်းနေထိုင်ခွင့်စာရွက် သွားယူတာ ”
.
ဒီနိုင်ငံကလူတွေက မြန်မာနိုင်ငံထက် စည်းကမ်းရှိတယ်။ ကားလမ်းတွေမှာ ကားကများတာတော့ များတာပဲ။ ဒါပေမယ့် ကားလမ်းသာလို့ လမ်းသွားဖြောင့်တယ် ”
.
.
ဥပမာ - တစ်စီးက ခေါင်းတည်ပြီးလမ်းတောင်းရင် နောက်တစ်စီးက စောင့်ပေးတယ်။ ရန်ကုန်မှာက အဲဒီလိုမဟုတ်ပဲ မညှာမတာ အတင်းတိုးဝင်တော့ ကားက မလိုအပ်ပဲ ၾကပ္ကုန်ရော ”
.
ထိုင်ဝမ် က ဆိုင်ကယ်နိုင်ငံဗျ။ ဆိုင်ကယ်ရှိရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ပိုင်ကားမရှိဘူးလား .. ရှိပါတယ် .. အများကြီးပဲ။ တက္ကဆီလည်း ရှိတယ်။ အရမ်းကြီးအသုံးမများဘူး ”
.
အလုပ်တက် အလုပ်ဆင်း - ရထားစီးသူတွေများတယ်၊ ဘတ်စ်ကားစီးသူလည်း များတယ်။ ဆိုင်ကယ်ကတော့ ရွှတ်ကနဲ လိုတဲ့နေရာ တန်းရောက်တာပေါ့ ။ ပြီးတော့ ရှိသေးတယ် ….”
.
.
ထိုင်ဝမ်မှာ စားသောက်ဆိုင်တွေ သိပ်အလုပ်ဖြစ်တယ် .. သိလား? ”
.
တစ်ပတ် ( ၅ ) ရက် အသေအလုပ်လုပ် .. စနေ၊ တနင်္ဂနွေရောက်ရော အသားကုန်စားတာ ..  ရုံးပိတ်ရက်ဆို စားသောက်ဆိုင်တွေမှာ နေရာကိုမရဘူး။ သောက်လို့ ပျော်လို့ကောင်းတာလည်း ပါမှာပေါ့လေ ”
.
အခု ကြည့်နေတာ .. ထိုင်ဝမ်ကလူတွေက ရန်ကုန်ပြန်အလုပ်လုပ်ကြ။ ရန်ကုန်ကလူတွေက ထိုင်ဝမ်သွားအလုပ်လုပ်ကြ။ ရယ်တော့ရယ်ရတယ် ”
.
.
နှစ်တိုင်း ( ၈ ) လပိုင်း နဲ့ ( ၉ ) လပိုင်းဆိုရင် တီဗွီ၊ ရေဒီယိုအမြဲ ဂရုစိုက်နားထောင်ရတယ်။ မုန်တိုင်းရာသီဖြစ်တော့ အလုပ်မလုပ်ရ၊ ကျောင်းမသွားရ၊ အပြင်မထွက်ရ၊ အစားအသောက်အပြည့်အစုံနဲ့ အိမ်ထဲမှာ အတိအကျ ..။
.
ဘယ်လို ..? မုန်တိုင်းတိုက်ရင် တိုက်တွေ ကားတွေ မပျက်စီးဘူးလား .. ဟုတ်လား? ”
.
မပြိုကျပါဘူး .. အစ်ကိုကြီးရ ။ ဒီကအိမ်တွေက ခိုင်ပါတယ်။ ရေကြီးတာတော့ ချွင်းချက်ပေါ့ ”
.
အဲ .. လေနတ်သားကြီးက စိတ်ကောက်လို့ အောက်တိုဘာလမှ မုန်တိုင်းဝင်တာ ရှိတော့ရှိတယ် .. ရှားပါတယ် ”
.
ကိုဝင်းအောင် ဆိုတဲ့ မြန်မာလူငယ်လေးစကားအဆုံးမှာ လေယာဉ်ကလည်း မြေပြင်ကိုဆင်းသက်တော့မယ့်အချိန်နဲ့ နီးနေပါပြီ။ လေယာဉ်ကြမ်းပြင်မှာချထားတဲ့ ကျောပိုးအိတ်လည်း အညောင်းအညာပြေလို့ နောက်ခရီးဆက်ဖို့အဆင်သင့်ဖြစ်နေပြီ။
.
.
ကျွန်တော်တို့ဘဝတွေက ဘယ်နေရာကိုသွားချင်တယ်ဆိုတာကိုသာရွေးချယ်ခွင့်ရှိပေမယ့် ဘယ်သူနဲ့တွေ့ချင်တယ်၊ ဘယ်သူနဲ့မတွေ့ချင်ဘူးဆိုတာ ရွေးချယ်ခွင့်မရှိဘူးဆိုတာ တိမ်တိုက်ဖြူတွေက ကျွန်တော့ကိုရှင်းပြနေတာကို နားထောင်နေမိတယ်။
.
အမှန်အတိုင်းပြောရရင်တော့ ကျွန်တော့ဘဝမှာ သူတော်ကောင်း၊ လူမှန်၊ လူကောင်း၊ အမှန်ပြောသူတို့နဲ့သာဆုံချင်တယ်ဆိုတာကို ထိုင်ဝမ်လေဆိပ်မှာ တစ်ထောက်နားတုန်း တစ်ကိုယ်တည်း အထီးကျန်စွာ ဆုတောင်းနေမိပါတော့တယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
တစ်ထောက်နား ထိုင်ဝမ်လေဆိပ်

11-07-2016

No comments: